မိုင်းရှူးမြို့နယ်တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းရှူး နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က ဝမ်ဆော့ကျေးရွာအုပ်စု၊ ဝမ်ဆော့ကျေးရွာခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် လွိုင်လင်မြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးဇော်မင်းအောင်နှင့် တောအုပ် ဦးအောင်ထွန်းလင်းတို့က နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဟောပြောပြီး ကျေးရွာမိဘပြည်သူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျေးရွာနေမိဘပြည်သူ(၅၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)