မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်း နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့ တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူပြီး ပြန်ကြွလာသည့် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တဘဒ္ဒိယအား သွားရောက်ဖူးမြော်ခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် မိုင်းယုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ရာတို့အားစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံအားပေး၍ ဝန်ထမ်းသားသမီးများအား ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

ယင်းနောက် မြို့နယ်စစ်ကြောင်းကြီး(၅)ကြောင်းကို ဦးဆောင်ပြီး ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာတွင် မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ မီးခိုးမြူငွေ့နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့အား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

၎င်းနောက် ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်ဒေကျေးရွာနှင့် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာတို့တွင် စဉ်ဆက်ပညာရေးလုပ်ငန်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား သွားရောက်ကြည့်ရှု၍ ပါဝင်သင်ကြားခြင်း၊ မုန့်ထောက်ပံ့ပေးခြင်းဆောင်ရွက်ပြီး အဆိုပါကျေးရွာ၌ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)