ချောင်းဆုံမြို့နယ် သက္ကော(အ.ထ.က)ကျောင်း၌ “လူငယ်စကားဝိုင်း” ကျင်းပ

ချောင်းဆုံ နိုဝင်ဘာ ၂၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်နှင့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ နိုဝင်ဘာလ (၂၆) ရက်နေ့က နံနက်(၁၀)နာရီက သက္ကော(အထက)ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက  ကျောင်းသားလူငယ်များ  ဘက်စုံထူးချွန်၍ ဗလငါးတန်နှင့် ပြည့်စုံသော လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကြောင်း၊  “လူငယ်စကားဝိုင်း”များမှ ကျောင်းသားလူငယ်များအတွက် အရေးပါးသည့် ကဏ္ဍများကို ခေါင်းစဉ်များအလိုက် ရွေးချယ်ပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ကျောင်းသားလူငယ်များအတွက် အရေးပါသည့်ကဏ္ဍများဖြစ်သည့် စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး၊ ကြိုတင်ပြင်ဆင်အောင်ပွဲဝင် စသည်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်ကြသည့် ကျောင်းသား/သူများ သိရှိလိုသည်များ ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်းနှင့် ပါဝင်ဆွေးနွေးခဲ့သူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အသိပညာပေး နံရံကပ် စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)