ကော့မှူးတွင် ဆောင်းသီးနှံနေကြာမျိုးစေ့ ပေးအပ်ပွဲ ကျင်းပ

ကော့မှူး နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သော တောင်သူများအား ဆောင်းသီးနှံနေကြာမျိုးစေ့များနှင့် ပိုက်ဆံလျှော်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်က မကျီးကန်ကျေးရွာတောင်သူ ဒေါ်သန်းသန်းဦး၏ လယ်မြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က တောင်သူများအား နေကြာမျိုးစေ့နှင့် ပိုက်ဆံလျှော်မျိုးစေ့ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များ စိုက်ပျိုးရန် နည်းလမ်းကောင်းများ၊ မျိုးရွေးချယ်ပုံများကို ရှင်းလင်းပြောကြားခဲ့ပြီး တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများထံ မျိုစေ့များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကွင်းအမှတ် (၃၀၃) ဦးပိုင်အမှတ် (၄၀/၁)ဧရိယာ (၁.၀၇)ဧကရှိ တောင်သူ ဒေါ်သန်းသန်းဦးပိုင်သော လယ်မြေ၌ မိုးစပါးစံပြကွက်အား ရိတ်သိမ်းခဲ့ပြီး တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)