မြစ်သားမြို့ ဗိုလ်ချုပ်လမ်းမကြီး လမ်းဘေးတစ်လျှောက်ဈေးသည်များ စည်းကမ်းချက်နှင့်အညီ နေရာသတ်မှတ်ပေးပြီး (Mobile System)ဖြင့် ရောင်းချခွင့်ပြု

မြစ်သား နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ ဗိုလ်ချုပ်လမ်းမကြီးရှိ ကမ္ဘောဇဘဏ်လမ်းဆုံမှ စစ်ကဲဘုရားလမ်းအထိ  လမ်းဘေး (ဝဲ၊ယာ) တစ်လျှောက် ဈေးရောင်းချလိုသူ(၃၇)အား ယမန်နေ့ မွန်းလွဲပိုင်းက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချနိုင်ရန်အတွက် ရောင်းချခွင့်ပြုခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချခွင့်ပြုကြောင်း ဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါ‌င်းဦးဆောင်ပြီး ဈေးရောင်းချသူများကို စနစ်တကျ ရောင်းချရန်စေရန်နှင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ သတ်မှတ်ထားသည့် နေရာများတွင် (Mobile System) ရွေ့လျား‌‌ ပြောင်းရွှေ့ရောင်းချခြင်းစနစ်ဖြင့်သာ ရောင်းချခွင့်ကို ခွင့်ပြုဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)