တပ်ကုန်း နိုဝင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ပံသုရတနာကျော်ကုမ္ပဏီမှ ထုတ်လုပ်သော “ပြည့်လျှံ”သဘာဝမြေဩဇာနှင့် ပူးပေါင်းဆောင်ရွက်သည့် YSR -1 မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အင်ဘက်ကုန်းကျေးရွာ၊ စနစ်တကျလယ်မြေ၊ ကွင်းအမှတ် ၁၃၀၅ ကွင်း၊ တောင်သူ ဦးဖိုးပြုံး၏ စပါးစိုက်ခင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းညွန့်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အလုပ်အမှုဆောင်တာဝန်ခံ ဦးမင်းဟန်၊ နေပြည်တော် MSMEအသင်းဒုဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်၊ ပံသုရတနာကျော်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နီလာဝင်းကျော်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခံခဲ့ရသော လယ်ယာမြေများကို တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများက ပြန်လည်ကုစားရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ တောင်သူများအနေဖြင့် လယ်ယာမြေသီးနှံစိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများအပြင် စိုက်ပျိုး အချိန်များလည်းကို အထူးဂရုပြုစိုက်ပျိုးရန် လိုအပ်ပါကြောင်း၊ သီးနှံထွက်ရှိမှုများလည်း ပန်းတိုင် အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီးနောက် နေပြည်တော်တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးစိုးနိုင်က စပါးမျိုးစေ့များအကြောင်း ရှင်းလင်းဆွေးနွေးတင်ပြခြင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အလုပ်အမှုဆောင်တာဝန်ခံ ဦးမင်းဟန်က ဆန်စပါးစိုက်ပျိုးထွက်ရှိမှု နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ပံသုရတနာကျော်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နီလာဝင်းကျော်နှင့် တာဝန်ရှိသူများက “ပြည့်လျှံ” မြေဆီလွှာအဟာရဖြည့် သဘာဝမြေဩဇာများနှင့်ပတ်သက်၍ ထုတ်လုပ်မှုအဆင့်ဆင့်များ၊ သီးနှံများရရှိမည့်အကျိုးကျေးဇူးများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ရေကြီးနစ်မြုပ်လယ်ယာမြေများ အခမဲ့မြေပြုပြင်ပေးထားခြင်း၊ သီးနှံမျိုးစေ့များ အခမဲ့ထောက်ပံ့ပေးခြင်းနှင့် သီးနှံစိုက်ပျိုး လျာထားဧကပြည့်မီရေး နိဂုံးချုပ်အမှာစကား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်