ရပ်စောက် နိုဝင်ဘာ ၂၆
ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေတိုးပွားစေရေး၊ သင်တန်းမှနည်းပညာများ အသုံးချ၍ စီးပွားဖြစ်ဝင်ငွေရရှိစေရန် ဆောင်ရွက်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေးစသည့်ရည်ရွယ်ချက်များဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်ခြင်း နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာအုပ်စု၊ ကျောက်တောကျေးရွာ (IT Center) ခန်းမ၌ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရှေးရယ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဦးစီးအရာရှိ ဒေါ်သီသီစိုးက တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်ခြင်း နည်းပညာနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ မိမိတိုဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် သင်္ဘောသီးယို(အချို၊ချဉ်စပ်)၊ သရက်ယို၊ ကျောက်ဖရုံ၊ သကြားပွင့်ယို၊ ချဉ်စော်ကားသီးယို၊ ခရမ်းချဉ်သီးယို၊ ခရမ်းချဉ်သီးဆော့စ်၊ မန်ကျည်းဖျော်ရည်၊ မန်ကျည်းဆော့စ်၊ သံပုရာဖျော်ရည်၊ မက်မန်းဝိုင်၊ အာလူးကြော်/ အာလူးခြောက်၊ ဂျယ်လီ၊ စာကလေးခွေ၊ ကင်(မ်)ချီ၊ လက်ဖက်နှပ်၊ ဇီးဖျော်ရည်/ဇီးယိုစသည့်ဘာသာရပ်(၁၆)မျိုးကို သင်တန်းကာလ(၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား (၂၀) ဦးတက်ရောက် ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်