ပျော်ဘွယ်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာစီမံကိန်း (Smart Village) ဆောင်ရွက်နေ့သည့် ကျေးရွာတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပျော်ဘွယ် နိုဝင်ဘာ ၂၆

ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ်မီစံပြကျေးရွာစီမံကိန်း (Smart Village) ဆောင်ရွက်နေသည့် မင်းလှသာစည်ကျေးရွာ၌ စီမံကိန်းနှင့်ပတ်သက်၍ ကျေးရွာပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက မင်းလှသာစည်ကျေးရွာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

စီမံကိန်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက စီမံကိန်းအောင်မြင်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်မင်းဆွေက အမှုအခင်းများ မဖြစ်ပေါ်စေရန် လိုက်နာရမည့်အချက်များ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးအောင်ကျော်စိုးမိုးက ကလေးသူဥပဒေဆိုင်ရာများ၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်အေးအေးမော်က ရာသီအလိုက် ဖြစ်ပွားတတ်သောရောဂါများ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်ခင်ဦးက သစ်ပင် စိုက်ပျိုးခြင်း၏အကျိုးကျေးဇူးများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးမြင့်က စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက မီးဘေးအန္တရာယ်ကာကွယ်ရေးအကြောင်းအရာများကို ရှင်းလင်းဟောပြောကြသည်။

ဟောပြောပွဲပြီးနောက် ကျေးရွာပြည်သူများ မီးသတ်ဆေးဗူး အသုံးပြုတတ်စေရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းပြောကြားပြီး ကျေးရွာပြည်သူများအား မီးငြိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြ လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)