နမ့်စန်(တ) နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘိလိယက်နှင့်စနူကာပြိုင်ပွဲဖွင့်ပွဲကို နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ K9 ဘိလိယက်ခုံတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အကြီးတန်းဘိလိယက်နှင့် စနူကာပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို အကြီးတန်းနှင့် အငယ်တန်း (၂)မျိုးယှဉ်ပြိုင်သွားမည်ဖြစ်ပြီး နမ့်စန်၊ လွိုင်လင်နှင့် ပင်လုံမြို့တို့မှ ပြိုင်ပွဲဝင်ကစားသမား စုစုပေါင်း (၃၂) ဦး ပါဝင်ယှဉ်ပြိုင် လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)