၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနားကျင်းပ

ကိုကိုးကျွန်း နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ကျောင်းသားကျောင်းသူများမှ ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား ကိုကိုးကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီစောမှ ဖတ်ကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို ကိုကိုးကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီစောနှင့်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ စုစုပေါင်း ၁၅၀ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 ကိုကိုးကျွန်း(ပြန်ဆက်)