မြစ်သား နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့ဈေးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှု လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်တွေ့သရုပ်ပြသဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုအမျိုးအစားများအလိုက် မီးငြှိမ်းသတ်ခြင်းများကို မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်၊ မီးသတ်ဆေးဘူးများ အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကူမဲမြို့မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဈေးသူ/ဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်