မုဒုံမြို့၌ (နဝမ)ကြိမ်မြောက် ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆု​ပေးပွဲကျင်းပ

မုဒုံ နိုဝင်ဘာ ၂၆

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် (နဝမ)ကြိမ်မြောက် ဓမ္မစကြာနှင့်ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်()နာရီက မြို့မ()ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာနာယက ဥက္ကဋ္ဌ ဂျုံးဂျုံးဂျဆရာတော် ဘဒ္ဒန္ဒ ကိတ္တိဝဏ္ဏထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးသန်းထွန်းဋ္ဌေး၊ ကျောင်းအုပ်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ကြီးက သြဝါဒကထာ ချီးမြှင့်၍ ကြီးကြပ်ဆရာတော်ကြီးများအား တာဝန်ရှိသူများမှ လှူဖွယ်ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဓမ္မာစကြာ(၁၆)သင်း၊ ပဋ္ဌာန်းဒေသနာတော် (၁၀)သင်းဖြင့် () ရက်ကြာ ရွတ်ဆိုပူဇော်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ဝတ်ရွတ်အသင်းများအား ဆရာတော်ကြီးများက ဆုများအသီးသီးချီးမြှင့် ပေးအပ်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)