ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ပုသိမ်ကြီး နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၄-ခုနှစ် ၊ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က-ပုသိမ်ကြီး၊ အောင်ဇမ္ဗူ ခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အ.ထ.က-ပုသိမ်ကြီး၊ ကျောင်းသား/ကျောင်းသူများမှ ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက ဖတ်ကြားခဲ့ပြီးနောက်၊ မြို့နယ်အဆင့် စာစီစာကုံး ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ထို့နောက် အ.ထ.က-ပုသိမ်ကြီး ကျောင်းသား/ကျောင်းသူလေးများမှ မြန်မာကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝေယံမင်း၊ အဖွဲ့ဝင် (၂) ဦးညွန့်ဆန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲဗလအောင်ကျော်ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 ဇာနည်ကိုကို(ပြန်/ဆက်)