တံတားဦး နိုဝင်ဘာ ၂၆
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင်ကျရောက်သော (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီ၊ တံတားဦးခရိုင်၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများ က“ဇာတိမာန်”သီချင်းသီဆို၍ ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော(၁၀၄)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့သဝဏ်လွှာအား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဖတ်ကြား သည်။
ထို့နောက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲတို့ တွင် ဆုရကျောင်းသား၊ ကျောင်းသူများအား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များက ဆုများအသီးသီး ချီးမြှင့်ပေးကြပြီး တံတားဦးမြို့ တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းပေးကြသည်။
အဆိုပါအခမ်းအနားသို့ တံတားဦးခရိုင် စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား/သူများတက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးကြကြောင်းသိရသည်။
ရဲတင့်( ပြန်/ဆက်)