ပူတာအိုမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

ပူတာအို  နိုဝင်ဘာ  ၂၆

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပူတာအိုမြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် အ.ထ.က(ပူတာအို)ကျောင်းသားကျောင်းသူများက "ပြည်မြန်မာ" သီချင်း သီဆိုဖျော်ဖြေကာအခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးစိုးထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကိုဖတ်ကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးစိုးထွန်း၊ အဖွဲ့ဝင်ခရိုင်လဝကဉီးစီးမှူး ဉီးဗိုလ်မြင့်၊ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်တို့က မြို့နယ်အဆင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ထက်/လယ် စာစီစာကုံး ပြိုင်ပွဲနှင့်မူလတန်းအဆင့် ကဗျာစပ်ပြိုင်ပွဲဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အ.ထ.က(ပူတာအို)ကျောင်းသားကျောင်းသူများက "ဇာတိမာန်"သီချင်း သီဆိုဖျော်ဖြေကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးကျော်ကျော်လွင်က အခမ်းအနားတွင် "ပြည်မြန်မာ"သီချင်းနှင့်"ဇာတိမာန်"သီချင်းတို့ဖြင့် ဖျော်ဖြေခဲ့ကြသော အ.ထ.က(ပူတာအို)ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)