ညောင်ဦးမြို့၌ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

ညောင်ဦး နိုဝင်ဘာ  ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၌ ၂၀၂၄ ခုနှစ် ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပခြင်းကို အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း ပန်းမျိုးတစ်ရာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် အမှတ်(၁)၊ အခြေခံပညာ အထက် တန်းကျောင်း ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။ ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများအား ညောင်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညို၊ ညောင်ဦးခရိုင် ပညာရေးမှူး ဦးကျော်ဝင်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့မှ ဆုရကျောင်းသား ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ကာ အခြေခံပညာအထက်တန်း ကျောင်း(ပုဂံ) ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့်သီဆို၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။    

၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ အခြေခံပညာဦးစီးဌာနမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့အသင်းဝင်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း