ချမ်းမြသာစည် နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းရှိ တကောင်းသစ္စာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခန်းအနားတွင် ကျောင်းသား/ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်သီဆိုခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးတင်ထွန်းက ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာ(ထက်၊ လယ်၊ မူ) အဆင့် စာစီစာကုံးနှင့် ကဗျာ၊ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး၊ ကျောင်းသား/ ကျောင်းသူများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်များ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းမြင့်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့