ပင်းတယမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်

ပင်းတယ နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၄)ကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က သင်တန်းဖွင့်လှစ်ပေးရခြင်းနဲ့ပတ်သက်၌ အဖွင့်အမှာစကားပြောကြားပေးပြီး၊ အခမ်းအနားမှူး တစ်ဦးတွင် ရှိရမည့် အရည်အချင်းများအကြောင်း၊ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ရမည့် အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုနှင့် အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့်နည်းလမ်းများအကြောင်း၊ အသံအဖြတ်အတောက်၊ အနိမ့်အမြင့် အသုံးအနှုန်းများအကြောင်းနှင့် အခမ်းအနားမှူး တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် နည်လမ်းများကို ရှင်းလင်းပြောကြားပေးသည်။

အဆိုပါ အခမ်းအနားမှူး သင်တန်းတွင်သင်တန်းနည်းပြများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ ဒုတိယဦးစီးမှူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် တစ်ဦးတို့က မိမိတို့တက်ရောက် သင်ကြားထားသည့် အခမ်းအနားမှူးသင်ခန်းစာအကြောင်းနှင့် အတွေ့အကြုံများအား စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး၊ ၎င်းသင်တန်းကို (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကာ၊ သင်တန်းတွင် ဒေသနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ပညာရေးဌာနတို့မှဝန်ထမ်းများ  စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)