ဒလမြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သ၀ဏ်လွှာဖတ်ကြားခြင်းနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဒလ နို၀င်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သ၀ဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉:၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆို၍အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်၀န်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့သ၀ဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်က ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများ၌ ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုဆုများကို အသီးသီးချီးမြှင့်ခဲ့ကြပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့်

သီဆိုဖျော်ဖြေပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုမှတ်သားလေ့လာနိုင်ရန် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ခင်စန္ဒာမြင့် (ပြန်ဆက်)