ပြင်ဦးလွင်မြို့တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ 

ပြင်ဦးလွင် နိုဝင်ဘာ ၂၅ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ၊ ဧရာဝတီခန်းမ၌ ကျင်းပြုလုပ်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ 

ရှေးဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက ဇာတိမာန်အသီချင်းဖြင့် အခမ်အနားဖွင့်လှစ်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးက ဖတ်ကြားပြီး၊ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများမှ ဆုရရှိကြသော အခြေခံပညာကျောင်းများမှ ကျောင်းသား /  ကျောင်းသူများအား  တာဝန်ရှိသူများမှ ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး၊ တာဝန်ရှိသူများက နံရံကပ်ပြဘုတ်တွင် ပြသထားသည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆုရရှိသူများ၏ အထက်တန်း၊ အလယ်တန်းဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲဝင်မှတ်တမ်းစာမူများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။  

ခရိုင် (ပြန်/ဆက်)