ရန်ကင်းမြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကင်း နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသီရိရတနာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာဦးစီးဌာနမှ စီစဉ်ကျင်းပသည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် တိုင်းဒေသကြီး/ခရိုင်အဆင့် ပန်းချီ ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသူ/ ကျောင်းသားများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝင်းရည်မွန်တို့က ဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။

လှလှထွေး