ကျေးသီး နိုဝင်ဘာ ၂၆
၂၀၂၄ ခုနှစ် ၊ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ကျေးသီး)မှ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်” သီချင်းသီဆို၍ ဖွင့်လှစ်ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူက ဖတ်ကြားသည်။
ဆက်လက်၍ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်/ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ပြာဝေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးကြီး စောဝင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုဘိုဇော်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီးနောက် အခြေခံပညာအထက်တန်းကျောင်း(ကျေးသီး)မှ ကျောင်းသား/ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းသီဆို၍ အခမ်းအနားကို ပိတ်သိမ်းသည်။
အဆိုပါ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ထုတ်ဝေသည့် ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
နန်းဗွေခမ်း