ကျိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်

ကျိုင်းတုံ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသာ၊ ကျောင်းသူများ စုစုပေါင်းအင်အား ၃၀၀ ဦးတို့က သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကာကွယ်ရမည့်နည်းလမ်းများ၊ သတိဖြင့်ဆောင်ရွက်ရမည့်အချက်များ၊
 
ဘေးအန္တရာယ်ဆုံးရှုံးနိုင်ခြေနည်းပါးရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)