မှော်ဘီ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့နယ် မော်ပီဆရာသိန်း စာကြည့်တိုက် (၁၁) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မှော်ဘီမြို့၊ ပြည်လမ်း၊ အမှတ် (၄)ရပ်ကွက်၊ မော်ပီဆရာသိန်းစာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မှော်ဘီမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာကြည့်တိုက်နာယက စာရေးဆရာ မောင်ချိုဝေက မော်ပီဆရာသိန်းစာကြည့်တိုက်ဖြစ်ပေါ် လာပုံအကြောင်းနှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း၊ စာရေးဆရာမောင်သာ (ရှေးဟောင်းသုတေသန)၊ စာရေးဆရာ ပုသိမ်အောင်သန်းဦး၊ စာရေးဆရာ ချစ်မုန်းငြိမ်း၊ စာရေးဆရာမ မနွယ်(ကလော)၊ စာရေးဆရာ ငွေစိုး(ရွှေကြက်မြေ)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်- ၂ ဦးဝင်းစိုးတို့မှ မုဒိတာစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ မှော်ဘီမြို့နယ်မှ “စာပေဗိမာန်စာမူဆု လယ်တောထဲကကြေးစည်သံ” က ဗျာပေါင်းချုပ်ဖြင့် (တတိယ) ရရှိခဲ့သော ဆရာမောင်ချိုဝေအား မြို့နယ်စာရေးဆရာအသင်းမှထပ်ဆင့် ဂုဏ်ပြုဆုများချီးမြှင့်ကာ မော်ပီဆရာသိန်းစာကြည့်တိုက်(၁၁)နှစ်ပြည့် အထိမ်းအမှတ်ဝတ္ထုတိုပြိုင်ပွဲ၌ ဆုရရှိသော စာရေးဆရာ ဆရာထွန်းနိုင်၊ ဆရာမခင်လေးစိန်(ဘိုကလေး)၊ ဆရာမ မဏိမဉ္ဇူ၊ ဆရာမင်းအဂ္ဂ(ဆင်တဲဝ)၊ ဆရာသန်းဝင်းထွန်းနှင့် အထူးဆုရ ဆရာကျော်ဌေးအောင်၊ ဆရာမောင်ငြိမ်းမွန်(ချောင်းဦး)တို့နှင့် မှော်ဘီမြို့ အ.ထ.က ကျောင်းများမှ မြန်မာစာဂုဏ်ထူးရှင် (၇) ဦး၊ ဘောဂဗေဒဂုဏ်ထူးရှင်(၁)ဦး၊ စာငှားအများဆုံးဆု၊ စာကြည့်တိုက်ထိန်းသိမ်းစောက်ရှောက်မှု၊ ပန်းအလှပင်စိုက်ပျိုးမှုဆု စသောဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)