(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  အခြေခံပညာကျောင်းများတွင် အခမဲ့ဖြန့်ဝေ

တပ်ကုန်း နိုဝင်ဘာ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့က ကင်းသာ ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ ရှောက်ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ဘက်စုံပညာရေးစနစ်ကို ကြိုးပမ်းဆောင်ရွက်၊ အမျိုးသားညီညွတ်ရေး၊ မွေးရာပါ အမျိုးသားရေး တာဝန်၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသောကျွန်ပညာရေးဥပဒေ၊ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် ကဗျာဆရာ မြင်းမူမောင်နိုင်မိုး ရေးသားသည့် အမျိုးသားအောင်ပွဲနေ့ စသည်တို့ပါရှိကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန(ရုံးချုပ်)မှ အခမဲ့ထုတ်ဝေပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်