မော်လမြိုင် နိုဝင်ဘာ ၂၃
မွန်ပြည်နယ်အတွင်း မြို့များအားလုံးတွင် သန့်ရှင်း၍ သာယာလှပြီး မြို့အင်္ဂါရပ်များနှင့် ကိုက်ညီစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြို့ရှောင်လမ်းတစ်လျှောက်နှင့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ ပရိယတိ ဓမ္မဗိမာန်တော် အနီးပတ်ဝန်းကျင်တွင် သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့အပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့သန့်ရှင်း၊ သပ်ရပ်သာယာလှပရေးနှင့် အများပြည်သူများ စိမ့်အေးချမ်းမြေ့မှုရှိစေရေး ဆောင်ရွက်ပေးကြရန်နှင့် စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်မှုမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်းလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ခဲ့ပြီး သန့်ရှင်းသာယာလှပမှုရှိစေရေး၊ အမှိုက်များ မရှိစေရေးနှင့် မော်လမြိုင်မြို့အတွင်း စိမ်းလန်းစိုပြည်မှုရှိစေရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
စည်သူ(ပြန်/ဆက်)