လယ်ဝေးမြိုနယ်၊ ကန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် အေလာ၊စက်ရုံ အထက်တန်းကျောင်း( ခွဲ )တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းများကျင်းပ

လယ်ဝေး နိုဝင်ဘာ ၂၃

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က (ကန်လှ) Grade.10 မှ မအင်ကြင်းစံက လူငယ်နှင့်စာဖတ်ခြင်း၊ Grade.11 မှ မစုမြတ်သွင်က လူငယ်နှင့်စာရိတ္တ၊ Grade.11 မှ မောင်ဖြိုးဇေယျာသော်က လူငယ်နှင့်ရည်မှန်းချက်၊ Grade.11 မှ မောင်ဘုန်းမြင့်သူက လူငယ်နှင့်ကျန်းမာရေး စသည့် ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်ပြပွဲအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့သည်။

ထို့အတူ မွန်းလွဲပိုင်းတွင် အေလာ(စက်ရုံ) အ‌ခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ Grade-11 မှ မောင်ဟိန်းဆက်နိုင်က လူငယ်နှင့်စာရိတ္တ၊ Grade-10 မှ မသံစဉ်နွေးက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-10 မှ မခင်ရတနာပြည့်က လူငယ်နှင့်ရည်မှန်းချက်၊ Grade-10 မှ မဝိုင်းစုခိုင်ငြိမ်းက လူငယ်နှင့်နည်းပညာ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)