ရပ်စောက် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၁၀၄) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ကြို ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် Book Club အဖွဲ့ဝင်ဒေါ်ကြည်ဌေးက အမျိုးသားနေ့အောင်ပွဲ ဖြစ်ပေါ်လာပုံနှင့်သမိုင်းကြောင်းများ ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အထွေထွေ ဗဟုသုတပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် Book Club အဖွဲ့ဝင် ဒေါ်ကြည်ဌေးတို့က ဆုများ ချီးမြှင့်ခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများစုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)