ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဒဂုံမြောက် နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ(မြို့နယ်အဆင့်)ကို ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၏ တော်ဝင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူလှမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးသူရိန်ဝင်က ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ၊ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော အကြောင်းအရာများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ၊ ရာသီဥတုပြောင်းလဲမှုကို လျော့နည်းသက်သာစေမည့် နည်းလမ်းများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များနှင့် အဆိုပါ ဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ မီးခိုးမြူငွေ့များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများ၊ မီးခိုးမြူငွေ့လျှော့ချနိုင်မည့် နည်းလမ်းများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ကာ ဆွေးနွေးဟောပြောခြင်းနှင့် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည့် မေးမြန်းချက်များ အပေါ်ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူလှနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၆၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ