မိုင်းပန်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

မိုင်းပန် နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအောင်မင်းနှင့် ဒုတိယပညာရေးမှူး ဆရာကြီး ဦးထွန်းနေအောင်တို့က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း (မိုင်းပန်) ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူးနှင့် ဒုတိယပညာရေးမှူးတို့က အမျိုးသားနေ့ပေါ်ပေါက်လာပုံ၊ အမျိုးသား‌ရေးစိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များကို အခြေခံပညာအထက်တန်းကျောင်းသား/ သူများအား ဟောပြောခဲ့ပြီး အထက်တန်းအဆင့် စာစာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား/ သူများအား ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)