ဝမ်းတွင်း နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ် (၄) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက လူငယ်များ ကျောင်းစာများအပြင် အခြားသော ထွေထွေဗဟုသုတများတိုးပွားစေရန်၊ ဥာဏ်ရည်ဥာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်၊ ကျောင်းစာအပြင် အထွေထွေဗဟုသုတနှင့် အသိပညာများ တိုးပွားစေရန်စသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဦးသိန်းမြင့်(ရုပ်သံကျွမ်းကျင်-၃)က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာနှင့် ဗဟုသုတရဖွယ် မှတ်သားဖွယ်ရာများကို ကျယ်ကျယ်ပြန့်ပြန့် ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ် (၄) မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် အထွေထွေဗဟုရဖွယ် စာအုပ်စာပေများကို လေ့လာကြည့်ရှုခဲ့ကြသည်။
မြို့နယ်ပြန်/ဆက်