ထန်းတပင် နိုဝင်ဘာ ၂၃
ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)ကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းက ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးခိုး/ မြူငွေ့လျှော့ချရေး၊ မီးရှို့သည့်အတွက် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးများ၊ မီးခိုးမြူငွေ့နှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များ ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့တွင် ပါဝင်သော လေထုညစ်ညမ်းစေသည့် အကြောင်း အရာများနှင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ သစ်တောကဏ္ဍနှင့်ပတ်သက်၍ မီးခိုး/ မြူငွေ့လျှော့ချစေရေးဆိုင်ရာ အကြောင်းအရာများ၊ မီးခိုး/ မြူငွေ့ ဖြစ်ပွားချိန်များတွင် ကြိုတင်ကာကွယ်လိုက်နာဆောင်ရွက်ရမည့် အချက်များများကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ အ.ထ.ကကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၃၅) ဦးတို့ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများကိုလည်း မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်