ကျိုင်းတုံမြို၌ ပြည်နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့မနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

အင်္ဂလိပ်စာစွမ်းပြိုင်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ အခြေခံပညာပညာကျောင်းများမှ  မူလတန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)