ချောင်းဆုံ နိုဝင်ဘာ ၂၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ်အခမ်းအနားနှင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို အခြေခံပညာဦးစီးဌာနနှင့် ရွှေကျွန်းသာလူမှုကွန်ယက်တို့ပူးပေါင်းကာ ယမန်နေ့နံနက်(၁၀)နာရီက ချောင်းဆုံ(အ.ထ.က)ကျောင်း သီရိရတနာခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးက အဖွင့်အမှာစကားပြောကြားကာ ရွှေကျွန်းသာ ကွန်ယက်အဖွဲ့(နာယက) ကအမှာစကားပြောကြားခဲ့ပြီး နိုဝင်ဘာ (၁၉)ရက်နေ့က ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဝင်ရောက်ဖြေဆိုသူများနှင့် ဆုရရှိသူများအား တာဝန်ရှိသူများမှဆုများ အသီးသီးချီးမြှင့်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသများမှ တေးသီချင်းများ၊ အကအလှများဖြင့် ပြန်လည်သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)