ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေပြည်သာ နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး‌ဟောပြောပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မန်နေ့ နံနက်(၉)နာရီခွဲက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း‌ ပြည်‌ထောင်စုခန်းမ၌ ကျင်းပသည်။

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင်‌ ရွှေပြည်သာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ဇော်လင်းမှ အားကစားနှင့်လူငယ်ရေးရာဆိုင်ရာများ၊ အားကစားသပ္ပံအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာ‌ရှိ ဒေါ်အေးအေးမိုးက လူငယ်နှင့်စာ‌ပေအ‌ကြောင်းများကိုလည်း‌ကောင်း၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ ပြေးခုန်ပစ်လက်ရွေးစင်ဟောင်း ဦးဘုန်းမြင့်မှ အားကစားအကြောင်းသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် တိုက်ကွမ်ဒိုအဖွဲ့များက သရုပ်ပြသကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းလှိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု‌ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်အားကစားမှူး ဦးဇော်ဇော်လင်းက အားကစားပစ္စည်းများကို‌ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ထံ‌ပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အခမ်းအနားသို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း‌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရူကြကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)