ကျောက်ဆည် နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ ကျောင်းသူများ အမျိုးသားရေးစိတ်ဓာတ်ခိုက်မာရေး အမျိုးသားအောင်ပွဲနေ့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၄) နှစ်မြောက် အမျိုးသားနေ့ဦးတည်ချက်များ၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်ဆောင်းပါး၊ မြင်းမူမောင်နိုင်မိုး ရေးသားသည့် အမျိုးသားအောင်ပွဲနေ့ကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ မွေးရာပါအမျိုးသားရေးတာဝန်များ၊ အမျိုးသားညီညွှတ်ရေးအကြောင်းများ၊ “ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွှတ်စို့”၊ “နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်ကြစို့” ဆောင်ပုဒ်များ၊ ဆောင်ပုဒ်နှင့်လှထွဋ်းဦး၏ ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)