လှိုင်မြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

လှိုင် နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို နိုဝင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေဆင့်ကျော်ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ကျန်းမာရေးဝန်ထမ်းများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူ(၉၀)ဦးတို့ကို ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ်မကျော်သော ကျောင်းသူ(၅၀)ဦးတို့အား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံ‌ပေးခဲ့ပြီး မြို့နယ်တွင်း ထိုးနှံရန်ကျန်ရှိ ကျောင်းများအား ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)