ခိုလမ်မြို့၊ မူလွန်(ဝမ်ဖွီး)ကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ခိုလမ် နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မူလွန်(ဝမ်ဖွီး)ကျောင်းတွင် ယနေ့မွန်းလွဲပိုင်း (၁)နာရီအချိန်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို  စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများကို ကျင်းပခဲ့ပါသည်။

အဆိုပါ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုပြိုင်ပွဲများတွင်  မူလတန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၈)ဦးနှင့် ပန်းချီပြိုင်ပွဲတွင် (၁၂)ဦး စုစုပေါင်း ကျောင်းသား/သူ (၃၀)ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)