တန့်ယန်းမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

တန့်ယန်း နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၁၃၈၆-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

စာစီစာကုံးပြိုင်ပွဲအား “အမျိုးသားအောင်ပွဲနေ့ တို့မမေ့”၊ ကဗျာပြိုင်ပွဲအား “အမျိုးသားနေ့တို့မမေ့” ခေါင်းစဉ်တို့ဖြင့် ကျင်းပပေးခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ ကြီးကြပ်၍ အခြေခံပညာကျောင်းများမှ စာစီစာကုံးပြိုင်ပွဲတွင်(၉)ဦး၊ ကဗျာပြိုင်ပွဲအား (၁၀)ဦး၊ စုစုပေါင်း(၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)