မြောက်ဥက္ကလာပ နို၀င်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်(ဌ)ရပ်ကွက်ရှိ မိခင်နှင့် ကလေးမူကြိုကျောင်းရှိ ကလေးသူငယ်များအား အာဟာရတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။
ထိုသို့အာဟာရတိုက်ကျွေးပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ တာ၀န်ရှိသူများနှင့် ကျန်းမာရေး၀န်ထမ်းများပူးပေါင်း၍ မြောက်ဥက္ကလာပမြို့နယ်(ဌ)ရပ်ကွက်ရှိ မိခင်နှင်ကလေးမူကြိုကျောင်းရှိ ကလေးငယ်များနှင့် ၎င်းတို့၏ မိခင်များအား ကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကလေးသူငယ်များအား အာဟာရဖြည့်စွက်များတိုက်ကျွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး (ပြန်/ဆက်)