မိုင်းကိုင် နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ပန်ကတ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ နယ်မြေခံတပ်မှဗိုလ်ကြီး နေလင်းထွန်းက အမျိုးသားအောင်ပွဲနေ့မှသည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဆီသို့ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောရာ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ ထုတ်ဝေဖြန့်ချီသည့် (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား ကျောင်းသူများ လေ့လာကြည့်ရှုနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)