လဲချား နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လဲချားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကျောင်းသား/ကျောင်းသူလေးများ အမျိုးသားရေးစိတ်ဓာတ်အမွေကို ခံယူထိန်းသိမ်းတတ်စေရေး လေ့လာမှတ်သားနိုင်ရန်အတွက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နေ့လယ် (၁၁)နာရီအချိန်တွင် လဲချားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သည် (၂၅-၁၁-၂၀၂၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်၊ ဘက်စုံပညာရေးစနစ်ကို ကြိုးပမ်းဆောင်ရွက်ဆိုသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၇-၁၂-၂၀၂၃) ရက်နေ့(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှကောက်နုတ်ချက်၊ အမျိုးသားအောင်ပွဲနေ့ကဗျာ၊ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ အမျိုးသားညီညွှတ်ရေးဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၂၀-၁-၁၉၄၆)ရက်နေ့တွင် ပြောကြားသော အလယ်ပစ္စယံညီလာခံမိန့်ခွန်းမှကောက်နှုတ်ချက်၊ မွေးရာပါအမျိုးသားရေးတာဝန် ဆောင်ပုဒ်များ စသည်တို့ပါဝင်သည့် လက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကျောင်းသားလူငယ်ပြည်သူများ ဖတ်ရှုနိုင်ရန်အတွက် အခမဲ့ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လဲချား(မြို့နယ်၊ ပြန်/ဆက်)