မိုင်းတုံ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမတွင် ခရိုင်/မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီ (၂၀) မိနစ်အချိန်က ပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်က ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ချက်နှင့် ပြည်နယ်ဘတ်ချက်ဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများ၏ အဆိုပြုထားမှု လျာထားချက်များနှင့်ပတ်သက်၍ အကျယ်တစ်ဝန်းရှင်းလင်းပြီးနောက် မိမိဌာနအလိုက်လိုအပ်သည့် အဆိုပြုလျာထားချက်များကို ပြည့်စုံစွာဆောင်ရွက်ပြီး အချိန်နှင့်တစ်ပြေးညီတင်ပေးကြရန် ပြောကြားခဲ့သည်။ သက်ဆိုင်ရာဌာနဆိုင်ရာများက မရှင်းသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)