အလုံမြို့နယ်၌ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

အလုံ နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် မြို့နယ်ပူးပေါင်းအဖွဲ့​ဖြင့် ​စက်သုံးဆီဆိုင်များကို ယနေ့နံနက် ၁၀ နာရီက ဆင်မင်းဈေးနှင့် အလုံဈေးတို့တွင် ကွင်းဆင်းစစ်ဆေးခဲ့​သည်။

ထိုသို့စစ်​ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲကိုကို၊ အဖွဲ့၀င်(၁)ဗိုလ်မှူးဌေးကြွယ်၊ အဖွဲ့၀င်(၂)ဦးအောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်ကျော်ကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးပြည့်စုံ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးမောင်မောင်ထွန်း၊ မြို့နယ်လျှပ်စစ်အငယ်တန်းအင်ဂျင်နီယာ(၂)ဦးသက်ပိုင်စိုးတို့ပါ၀င်သောပူးပေါင်းအဖွဲ့ဖြင့် Star High, Htoo, Max, Royal Victory စသည့် စက်သုံးဆီဆိုင်များကို မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)