လွိုင်လင်မြို့ အ-ထ-က (၂) ကျောင်းတွင် လူငယ်စကားဝိုင်း ပြုလုပ်

လွိုင်လင် နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာန၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်နှင့်ပညာ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ပါသည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ပြောဆိုကြမည့် ကျောင်းသား/သူများကတစ်ဦးချင်းမိတ်ဆက်ပြီးနောက် လူငယ်နှင့် ပညာစကားဝိုင်းကို ပြောဆိုဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ သူများက သိလိုသည်များနှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးကြရာ ပြန်ကြားရေးနှင့်ါပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာချိုနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြိုးဖြိုးအေးတို့က ဖြည့်စွက်ဆွေးနွေးပြီး ကျောင်းအုပ်ဆရာမကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ လူငယ်စကားဝိုင်းကို ရုတ်သိမ်းလိုက်သည်။ စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်