လသာမြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ

လသာ နို၀င်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက (အ.ထ.က-၁)လသာ၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်နန်းသဲနုအောင်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အမျိုးသားနေ့ကျင်းပရခြင်း အကြောင်းအရာများကို ဟောပြောခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၇၅)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နန်းသဲနုအောင်(ပြန်/ဆက်)