နမ့်စန်တွင် ကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များ ဆက်လက်ကျင်းပ

နမ့်စန်() နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို နိုဝင်ဘာလ (၅) ရက်မှစတင်၍  ကျင်းပလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များကို မြို့နယ်ကျောက်တိုင်အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

နေ့လယ် (၁) နာရီချိန်တွင် ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် အ.ထ.ကခွဲ(၅ ရပ်ကွက်) ဘောလုံးအသင်းနှင့် အ.ထ.က-ခွဲ(လွိုင်ငင်းကြီး) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အ.ထ.က-ခွဲ(လွိုင်ငင်းကြီး) အသင်းကအနိုင်ရခဲ့သည်။

ဆက်လက်၍  ဆီမီးဖိုင်နယ်ပွဲစဉ်ဒုတိယပွဲအဖြစ် အ.ထ.က(နမ့်စန်)အသင်းနှင့် အ.ထ.က-ခွဲ (မြို့ဦး) အသင်းတို့ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က-ခွဲ(မြို့ဦး) အသင်းက (၄) ဂိုးဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲကို နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

သူရအောင်(နမ့်စန်)