ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပြင်ဦးလွင် နို၀င်ဘာ ၂၂

‌ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယနေ့နံနက် (၁၀) နာရီက (၁၀၄) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအိမ်‌ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ပြင်ဦးလွင်ခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးမျိုးမင်းက ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပူးပေါင်းပါ၀င်ဆောင်ရွက်ရသည့်အကြောင်းအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ကြူကြူက မုဒိတာစကား ပြောကြားပြီးနောက် စာရေးဆရာကိုရွှေအောင်သင်းက “အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ”နှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။ဆက်လက်ပြီး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာ‌ရေးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဂီတပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများ‌ ပေးအပ်ချီးမြှင့်ပေးသည်။

ထို့နောက် ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲတွင် ပူးပေါင်းပါ၀င်ကူညီ‌ဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်