ကျောက်ဆည် နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လက်ဝဲစုကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် (VDP) စီမံကိန်းဖြင့် ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးပြီး အဆင့်မြင့်တင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
လက်ဝဲစုကျေးရွာ၌ (VDP) စီမံကိန်းဖြင့် မြေလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရာတွင် ပြည်သူများအနေဖြင့် လမ်းများအရည်အသွေးကောင်းမွန်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး စောင့်ရှောက်တတ်စေရန်အတွက် လုပ်ငန်းများကို နိုင်ငံတော်မတည်ငွေများနှင့်အတူ ကျေးရွာထည့်ဝင်ငွေ (လုပ်အား)များ ပူးပေါင်းပါဝင်၍ ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဦးဆောင်မှုဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ပြီးစီပြီးသွားပါက ဘလက်ဝဲစုကျေးရွာ၏ လူနေမှုစနစ်များ ပိုမိုမြင့်မားလာမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)