ခိုလမ် နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာကျောင်းများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် ပြည်ထောင်စုငြိမ်းချမ်းဖို့ တစ်မျိုးသားလုံး ညီညွတ်စို့၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်၊ ဘက်စုံပညာရေးစနစ်ကိုကြိုးပမ်းဆောင်ရွက်ဆိုသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၇-၁၂-၂၀၂၃) ရက်နေ့ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ဗြိတိသျှတို့ ပြဠာန်းသော ကျွန်ပညာရေး၊ အမျိုးသားအောင်ပွဲနေ့ကဗျာ၊ ၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ အမျိုးသားညီညွှတ်ရေးဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၂၀-၁-၁၉၄၆) ရက်နေ့တွင် ပြောကြားသော အလယ်ပစ္စယံညီလာခံမိန့်ခွန်းမှ ကောက်နှုတ်ချက်၊ မွေးရာပါအမျိုးသားရေးတာဝန်ဆောင်ပုဒ်များစသည်တို့ ပါဝင်သည့် လက်ကမ်းစာစောင်များအား ကျောင်းသားလူငယ်ပြည်သူများ ဖတ်ရှုနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ခိုလမ်(ပြန်/ဆက်)